၂၀၂၃ ပွဲပြီးသုံးသပ်ချက် ( ညီသစ်)
၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းနှစ်တွေထဲမှာ ၂၀၂၃ ခုနှစ်ဟာ မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်းသစ်တွေ ၊ ပေးထားချက် အသစ်တွေနဲ့ တော်တော်ပြောင်းလဲသွားပါတယ်။ ၂၀၂၁ စစ်အာဏာမသိမ်းခင်ထိ တစ်ဝက်တစ်ပျက် ဒီမိုကရေစီ အောက်မှာ အီလည်လည် ဖြစ်နေတာထက်စာရင် ပေးဆပ်မူ တချို့တဝက်နဲ့ ပြတ်ပြတ်သားသား ရည်မှန်းချက်တွေ၊ စစ်ရေး နိုင်ငံရေး သဘောထားမှတ်ချက်တွေ ထွက်လာနေတော့ ကျေနပ်စရာပါပဲ။ ၂၀၂၃ အပြီး ဒီ ၃ နှစ်တာ ကာလ မြန်မာနိုင်ငံရေး ကစားပွဲမှာ အဓိက ပါဝင်ပက်သက်နေကြတဲ့သူတွေ အဖွဲ့အစည်းတွေ၊ ဘယ်သူတွေ ဘယ်နေရာ ရောက်နေကြပြီလဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအလိုက် သုံးသပ်ကြည့်ရအောင်။ ၁။ တိုင်းရင်းသား လက်နက်ကိုင်များ ၂၀၂၁ စစ်အာဏာသိမ်းလိုက်ခြင်းမှာ အဓိက အမြတ်ထွက်သွားတာက တိုင်းရင်းသား လက်နက်ကိုင်တွေလို့ ပြောရင်ရပါတယ်။ EAOs တွေလို့ပြောလိုက်ရင် မြန်မာစစ်တပ်နဲ့ NCA ထိုးထားတဲ့ တပ်တွေနဲ့ မထိုးရသေးတဲ့ တပ်တွေကို ခွဲပြောလို့ရပေမယ့် သ...