Posts

Showing posts from December, 2023

အိန္ဒိယ နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လက်တွေ့ဆန်သော ကိုယ်ကျိုးကြည့် နိုင်ငံရေး ပေါ်လစီ ( ဒေါက်တာ အပါနာ ပန်ဒေး Oct 26,2023 )

Image
                      မဟာဗျူဟာမြောက် အရေးကိစ္စများစွာ ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန် လိုအပ်နေသည့်အချိန်တွင် ဒေသတွင်း စိန်ခေါ်မူများစွာကြောင့် နှစ်နိုင်ငံဆက်ဆံရေး မသဲမကွဲ တိမ်ဖုံးနေသည့် ကာလသို့ ရောက်ရှိနေသည်။                     ၂၀၂၃ အရောက်တွင် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်း အရှိန်အဝါသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ကြီးထွားလာနေပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံအများအပြား အနေဖြင့် အိန္ဒိယနိုင်ငံနှင့် စီးပွားရေး ကိစ္စများအပြင် မဟာဗျူဟာမြောက် အရေးကြီး ကဏ္ဏများတွင်ပါ အင်တိုက်အားတိုက် ချိတ်ဆက်နိုင်ရန် ကြိုးစားလာကြသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံ၏ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးမှာမူ ပြည်တွင်းစစ် ပဋိပက္ခများကြောင့် ပြဿနာများစွာ ရင်ဆိုင်ရလျက်ရှိနေသည်။ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးကိစ္စများနှင့် ပတ်သက်လျှင် အနောက်ဘက် ကပ်လျပ် အိမ်နီးချင်...

လတ်တလော မြန်မာစစ်တပ်၏ စစ်ရေးအရေးနိမ့်မူများကို လေ့လာသုံးသပ်ချက် ( ဘာတေးလစ်တနာ ဒီဇင်ဘာ ၄၊ ၂၀၂၃)

Image
                    လတ်တလော မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေက အရင်က မရှိခဲ့ဖူးသလို ဘယ်သူမှလည်း မထင်ထားကြပါဘူး။ မြန်မာပြည်မြောက်ပိုင်း အခြေစိုက် ညီနောင် မဟာမိတ်သုံးဖွဲ့   ဖြစ်တဲ့  ကိုးကန့် ဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA , တအောင်း အမျိုးသား လွတ်မြောက်ရေးတပ် TNLA နဲ့ ရခိုင့်တပ်တောာ် AA တို့ဟာ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက် အမြောက်အမြားလည်း သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။ မြန်မာစစ်တပ်တွင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျနေပြီး လက်နက်ချမူများအပြင် ဘက်ပြောင်း သွားတာမျိုးတွေတောင် ရှိလာပါပြီ။ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ မြောက်ပိုင်းက အောင်ပွဲတွေဟာ မြန်မာနိုင်ငံ အနှံ့က တခြား လက်နက်ကိုင် တော်လှန်ရေးတပ်တွေကို အားတက်စေပြီး စစ်ရေးလှုပ်ရှားမူတွေ ပိုလုပ်လာနိုင်အောင် အထောက်အကူပြုခဲ့တဲ့အတွက် မြန်မာစစ်တပ်ဟာ နေရာစုံမှာ နယ်မြေလက်လွှတ်ရမူတွေ ရှိလာပုံပါပဲ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမူ နောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို တော်လှန်ပုန်ကန်တဲ့ လှုပ်...

ဆင်တစ်ကောင်ကို ပစ်သတ်လိုက်ခြင်း (ဂျော့အိုဝဲလ် ၁၉၃၆ )

Image
                           SHOOTING AN ELEPHANT (  George Orwell 1936 ) ဆင်တစ်ကောင်ကို ပစ်သတ်လိုက်ခြင်း (ဂျော့အိုဝဲလ် ၁၉၃၆ ) =============================================                         အောက်မြန်မာပြည် ၊ မော်လမြိုင်မှာ ကျွန်တော့်ကို လူတော်တော်များများက မုန်းကြပါတယ် ၊ တစ်သက်မှာတစ်ခါ လူအများ ဝိုင်းမုန်းခံရလောက်အောင် အရေးပါ အရာရောက်ခဲ့ရတာမျိုးပါ။ ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် ဥရောပသားတွေဆို မျက်မုန်းကျိုး မကြည်မလင် အဆိုးမြင်နေတဲ့ အဲ့ဒီ မြို့ရဲ့ ရဲအရာရှိအဖြစ် ကျွန်တော် တာဝန်ယူခဲ့ရချိန်ပေါ့ ။ ဘယ်သူမှ ဆူပူအုံကြွ သူပုန်ထရဲလောက်တဲ့ သတ္တိမျိုး မရှိပေမယ့် ဥရောပတိုက်သူ အမျိုးသမီးတစ်ဦး ဈေးထဲကို တစ်ယောက်တည်း လျှောက်လာတာမျိုးဆိုရင်တော့ ဂါဝန်ကို ကွမ်းတံထွေးနဲ့ လှမ်းထွေးတာမျိုး လုပ်ခံရဖို့ သေချာသလောက်ပဲ။ ရဲ အရာရှိဖြစ်တဲ့ ကျွန်တော့်မှာတော့ ပိုဆိုးတာပေါ့ဗျာ အခွင့်အရေးရတိုင်း ဗျင်းဖို့ ပစ်မှတ်ထားခံနေရတဲ့ သားကောင် တစ်ကောင်လို ခံစားနေရတယ်။ တခါတလေ ဘောလုံးပွဲမှာ ခပ်သ...

တိရိစ္ဆာန်ဘုံ ( ဂျော့အိုဝဲလ် ၁၉၄၅ )

Image
  Animal Farm ( George Orwell 1945) တိရိစ္ဆာန်ဘုံ ( ဂျော့အိုဝဲလ် 1945 ) ===================     အခန်း ( ၁ ) ----------                        ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံကျယ်ကြီးရဲ့ အရှင်သခင် မစ္စတာ ဂျူန်းစ် တစ်ယောက် ကြက်လှောင်အိမ် ဝင်ပေါက်တံခါးကို သော့ခတ်ခဲ့ပေမယ့် ကြက် ‌ တွေ အဝင်အထွက်လုပ်တဲ့   ဂယ်ပေါက်ကလေးကိုတော့ အမူးလွန်ပြီး ပိတ်ဖို့ မေ့ခဲ့လေရဲ့။ ဆရာသမားက ခြံထဲမှာ ဒရီးဒယိုင်သွားနေလိုက်တာ လက်ထဲမှာကိုင်ထားတဲ့ မီးအိမ်က ဟိုရွေ့ဒီရမ်း ဖြစ်နေပါလေရော။ ဒီလိုနဲ့ အိမ်နောက်ဖေး တံခါးရှေ့ရောက်တော့ တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်လိုက်တယ်။ မီးဖိုချောင်မှာရှိတဲ့ ဘီယာစည်ထဲကနေ ဒီနေ့အတွက် နောက်ဆုံး ဘီယာတစ်ခွက်ကို မော့ပြီးသကာလ ဟောက်နေပြီဖြစ်တဲ့ သူ့မိန်းမ မစ္စစ် ဂျူန်းစ်ရှိရာ အိပ်ယာပေါ် ချီတက်သွားပါတော့တယ်။                   အိပ်ခန်းထဲက ...